ရပ်ရွာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိစေသော ပြည်ပဝင်ရောက်စွက်ဖက်မှုဆိုင်ရာ ဥပမာများ Examples of foreign interference impacting community organisations
ရပ်ရွာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိစေသော ပြည်ပဝင်ရောက်စွက်ဖက်မှုဆိုင်ရာ ဥပမာများ
ရပ်ရွာအဖွဲ့အစည်းများသည် လူထုကို ပံ့ပိုးကူညီခြင်း၊ ပုံဖော်ပေးခြင်း၊ ဆုံးဖြတ်ချက်ချရာတွင်လွှမ်းမိုးခြင်းနှင့် မတူကွဲပြားသော အုပ်စုများကို ချိတ်ဆက်ပေးခြင်းတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။
ရပ်ရွာအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များနှင့် ယုံကြည်ရသော ဆက်ဆံရေးများသည် ၎င်းတို့အား လူထုခေါင်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွင် အဓိကကျသော အခန်းကဏ္ဍ၌ ရှိနေစေသည်။
ပြည်ပအင်အားစုများက လျှို့ဝှက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် အကျင့်ပျက်ခြစားစေခြင်း စသည့် လုပ်ရပ်များ မှတစ်ဆင့် ရပ်ရွာအဖွဲ့အစည်းတစ်ခုကို ပစ်မှတ်ထားစွက်ဖက်လာပါက ထိုအဖွဲ့အစည်း၏ လွတ်လပ်မှုကို ထိခိုက်စေနိုင်ပြီး လူထု၏ ယုံကြည်မှုနှင့် ညီညွတ်မှုကို ပျက်ပြားစေနိုင်သည်။
ထို့အပြင် ယင်းစွက်ဖက်မှုသည် အဖွဲ့အစည်းနှင့် ကျယ်ပြန့်သော လူထုအသိုင်းအဝိုင်းနှစ်ခုလုံး၏ ဘေးကင်းလုံခြုံရေး၊ အကာအကွယ်ပေးထားမှု၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နှင့် ဖွဲ့စည်းဆက်နွယ်ခြင်းတို့ကို ခြိမ်းခြောက်နိုင်သည်။
နယူးဇီလန်နိုင်ငံရှိ ရပ်ရွာအဖွဲ့အစည်းများကို ပြည်ပဝင်ရောက်စွက်ဖက်မှု ပြုလုပ်လိုသော နိုင်ငံခြားအင်အားစုများက မည်သို့ ပစ်မှတ်ထား စွက်ဖက်နိုင်ကြောင်းနှင့် ၎င်းကို မည်သို့ ကာကွယ်တားဆီးနိုင်ကြောင်း ကို ပိုမိုလေ့လာပါ။
ရပ်ရွာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိစေသော ပြည်ပဝင်ရောက်စွက်ဖက်မှုဆိုင်ရာ ဥပမာများ
ပြည်ပဝင်ရောက်စွက်ဖက်မှုသည် ရပ်ရွာအဖွဲ့အစည်းများအပေါ် မည်သို့သက်ရောက်မှုရှိနိုင်ကြောင်း ပြသသည့် ဥပမာသုံးခုကို အောက်တွင် ဖော်ပြထားသည်။ ဤဥပမာများတွင် “ပြည်ပနိုင်ငံ” ဆိုသည်မှာ နယူးဇီလန်နိုင်ငံမှလွဲ၍ အခြားနိုင်ငံမှန်သမျှကို ဆိုလိုသည်။
ဤဥပမာများသည် Multicultural New Zealand (နယူးဇီလန် လူမျိုးစုံယဉ်ကျေးမှုကောင်စီများအဖွဲ့ချုပ်) က တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ ဝန်ကြီးဌာနသို့ မျှဝေထားသော အတွေ့အကြုံ အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤသတင်းအချက်အလက် အရင်းအမြစ်နှင့် ‘ သင့်ရပ်ရွာအဖွဲ့အစည်းကို ပြည်ပဝင်ရောက်စွက်ဖက်မှုဘေးမှ ကာကွယ်ခြင်း ’ အရင်းအမြစ်တို့အတွက် ၎င်းတို့၏ တန်ဖိုးရှိလှသော ပံ့ပိုးကူညီမှုများကို အထူးကျေးဇူးတင်ရှိပါသည်။
အောက်ပါဥပမာများသည် 1961ပြစ်မှုဆိုင်ရာဥပဒေ (Crimes Act 1961) အရ ပြည်ပဝင်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်ခံရနိုင်သည့် လှုပ်ရှားမှုများကို ပုံဖော်ထားသော စိတ်ကူးယဉ်အခြေအနေများ ဖြစ်သည်။
ဤသည်မှာ ယေဘုယျ သတင်းအချက်အလက်သာ ဖြစ်သည်။ သင် နားလည်သဘောပေါက်စေရန်အတွက်သာ ရည်ရွယ်ပြီး ဥပဒေကြောင်းအရ အကြံပြုချက် မဟုတ်ပါ။ တိကျသော ဥပဒေရေးရာ အကြံဉာဏ်များအတွက် အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။