အွန်လိုင်းအလွဲသုံးစားမှုနှင့် နှောင့်ယှက်မှု Online abuse and harassment
အွန်လိုင်းအလွဲသုံးစားမှုနှင့် နှောင့်ယှက်မှုဆိုတာဘာလဲ
အွန်လိုင်းအလွဲသုံးစားမှုနှင့် နှောင့်ယှက်မှုဆိုတာ လူတစ်ဦးက အင်တာနက်သို့မဟုတ် လူမှုကွန်ရက်များကို အသုံးပြု၍ အခြားသူတစ်ဦးကို အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း အပြုအမူမျိုးကို ဆိုလိုပါသည်။ ဤကဲ့သို့အပြုအမူမျိုးသည် စာတို၊ ပို့စ်များ သို့မဟုတ် အခြားအွန်လိုင်းလုပ်ဆောင်ချက်များမှတစ်ဆင့် ဖြစ်ပွားနိုင်ပြီး ခံစားရသူကို စိတ်ဆိုး၊ ကြောက်ရွံ့ခြင်း သို့မဟုတ် မလုံခြုံသည့် ခံစားချက်များ ဖြစ်ပေါ်စေနိုင်ပါသည်။
အွန်လိုင်းအလွဲသုံးစားမှု သို့မဟုတ် နှောင့်ယှက်မှုကို ပြည်ပအစိုးရတစ်ခုအတွက် သို့မဟုတ် ပြည်ပအစိုးရကိုယ်စား ပြုလုပ်ပါက၊ ယင်းသည် ပြည်ပဝင်ရောက်စွက်ဖက်မှု (foreign interference) ၏ ပုံစံတစ်မျိုးဖြစ်သည်။ အွန်လိုင်းအလွဲသုံးစားမှုနှင့် နှောင့်ယှက်မှုများသည် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါသည်။ ဘယ်လိုဘေးကင်းအောင်နေရမလဲ၊ ဘယ်လိုအကူအညီတွေရနိုင်လဲ၊ သင် ဒါမှမဟုတ် သင့်အသိုင်းအဝိုင်းက အွန်လိုင်းမှာ အလွဲသုံးစားလုပ်ပြီး နှောင့်ယှက်ခံရရင် ဘာလုပ်နိုင်လဲဆိုတာ သိဖို့ အရေးကြီးတယ်။
အွန်လိုင်းမှာ နှောင့်ယှက်ခံရရင် ဒါမှမဟုတ် ခြိမ်းခြောက်ခံရရင် ဘာလုပ်ရမလဲ
အွန်လိုင်းတွင် လုံခြုံအောင်နေပါ
အွန်လိုင်းဘေးကင်းစွာနေရန် သင်လုပ်ဆောင်ရမည့်အဆင့်များအကြောင်း နောက်ထပ်အချက်အလက်များအတွက် Keeping Safe Online တွင် ကြည့်ပါ။