ပြည်ပသို့ ခရီးသွားသည့်အခါ အချို့သောသူများသည် လုံခြုံရေးနှင့် ထောက်လှမ်းရေးအေဂျင်စီများအပါအဝင် နိုင်ငံခြားအာဏာပိုင်များထံမှ အပိုဆောင်းစစ်ဆေးမေးမြန်းမှုများမှတစ်ဆင့် ပြည်ပကြားဝင်နှောင့်ယှက်မှုကို ကြုံတွေ့ရနိုင်ပါသည်။

သို့သော် ခရီးသွားအများစုသည် ဤကဲ့သို့ ကြုံတွေ့ရလေ့မရှိကြောင်းနှင့် နယ်စပ်များတွင် စစ်ဆေးမေးမြန်းခြင်းသည် ကမ္ဘာတစ်ဝန်းတွင် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး များသောအားဖြင့် ပြည်ပကြားဝင်နှောင့်ယှက်မှုနှင့် မသက်ဆိုင်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။

ပြည်ပခရီးသွားလာခြင်းနှင့် ပြည်ပကြားဝင်နှောင့်ယှက်မှု

  • နယူးဇီလန်နိုင်ငံအတွင်း၌ ပစ်မှတ်ထားခြင်းခံရဖူးသူများ
  • နိုင်ငံခြားအစိုးရများအပေါ် သဘောထားကွဲလွဲသူ သို့မဟုတ် ဝေဖန်သူအဖြစ် လူသိများသော လူမှုအသိုင်းအဝိုင်းဝင်များ
  • လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ၊ ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများ
  • မိသားစုကိစ္စ၊ လူမှုရေးကိစ္စ သို့မဟုတ် စီးပွားရေးကိစ္စရပ်များအတွက် ခရီးသွားသော လူမှုအသိုင်းအဝိုင်းဝင်များ
  • နယူးဇီလန်အစိုးရ၊ ဒေသန္တရကောင်စီများတွင် အလုပ်လုပ်နေသူများ သို့မဟုတ် နယူးဇီလန်ရှိ ရွေးကောက်ခံအရာရှိများ
  • အရေးကြီးသော အခြေခံအဆောက်အအုံ၊ ပညာရေးကဏ္ဍ၊ မီဒီယာကဏ္ဍကဲ့သို့သော အဓိကကဏ္ဍများတွင် အလုပ်လုပ်နေသည့် လူမှုအသိုင်းအဝိုင်းဝင်များ
  • ဒုက္ခသည်ဟောင်းများ

  • ဒေသခံအာဏာပိုင်များ၏ မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခြင်းခံရခြင်းဥပမာ - ခရီးစဉ်အစီအစဉ်၊ လုပ်ဆောင်ချက်များ သို့မဟုတ် အဆက်အသွယ်များနှင့် ပတ်သက်၍ မေးမြန်းခြင်း။
  • ဝင်ခွင့် သို့မဟုတ် ထွက်ခွင့် ငြင်းပယ်ခံရခြင်း ဥပမာ - လေယာဉ်စီးနင်းခွင့် ငြင်းပယ်ခံရခြင်း သို့မဟုတ် နယ်စပ်ဂိတ်များတွင် ဝင်ခွင့်မပြုခြင်း။
  • ခရီးသွားလာခွင့် သို့မဟုတ် ဗီဇာကန့်သတ်ချက်များ ချမှတ်ခံရခြင်း၊ ထိုနိုင်ငံအတွင်း သွားလာမှုကို ကန့်သတ်ခြင်းများ အပါအဝင်။
  • ဖုန်း၊ လက်ပ်တော့ သို့မဟုတ် အခြား အီလက်ထရွန်နစ်ပစ္စည်းများကို စစ်ဆေးခံရခြင်း ယင်းတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် ဆက်သွယ်ပြောဆိုမှုများကို ဝင်ရောက်ကြည့်ရှုခြင်းများ ပါဝင်နိုင်သည်။
  • ရောက်ရှိပြီးနောက် ပစ်မှတ်ထား၍ စောင့်ကြည့်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချခံရခြင်း၊ ယင်းတွင် တရားဝင်ဥပဒေကြောင်းအရအရေးယူဆောင်ရွက်မှုများလည်း ပါဝင်နိုင်သည်။
  • ဒေသခံအာဏာပိုင်များ၏  ခြိမ်းခြောက်ခြင်း၊နှောင့်ယှက်ခြင်း သို့မဟုတ် အကြောက်တရားဖြစ်အောင်လုပ်ဆောင်ခြင်းများကို ကြုံတွေ့ရခြင်း။
  • ဥပဒေစိုးမိုးရေးအဖွဲ့များ သို့မဟုတ် အာဏာပိုင်များသာမက ဒေသခံအုပ်စုများ၏ စစ်ဆေးမေးမြန်းခြင်း၊နှောင့်ယှက်ခြင်းသို့မဟုတ်ခြိမ်းခြောက်ခြင်းများကို ခံရခြင်း။

နယူးဇီလန်နိုင်ငံ၏ ကောင်စစ်ဆိုင်ရာ အကူအညီများ (New Zealand consular assistance)

နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MFAT) သည် နယူးဇီလန်ပြင်ပသို့ ရောက်ရှိနေသော နယူးဇီလန်နိုင်ငံသားများအတွက် ၎င်းတို့သည် နယူးဇီလန်တွင် ပုံမှန်နေထိုင်သူမဟုတ်လျှင်ပင် ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ပါသည်။

ယေဘုယျအားဖြင့် နယူးဇီလန်တွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများ (Permanent Residents) ကို ကောင်စစ်ဆိုင်ရာ အကူအညီ ပေးလေ့မရှိပါ။

ပြည်ပရောက် နယူးဇီလန်နိုင်ငံသားများသည် ထိုနိုင်ငံ၏ ပြည်တွင်းဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး၊ ယင်းတွင် ထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် ခရီးသွားလာခွင့် ကန့်သတ်ခြင်းဆိုင်ရာ ဥပဒေများလည်း ပါဝင်သည်။

နိုင်ငံသားနှစ်မျိုးခံယူထားသူများ (Dual citizens)

နိုင်ငံသားနှစ်မျိုး ခံယူထားခြင်းသည် နယူးဇီလန်အနေဖြင့် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ သင်သည် အခြားနိုင်ငံသားအဖြစ် ခံယူထားသောနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ဒေသခံအာဏာပိုင်များက သင့်ကို ၎င်းတို့၏ နိုင်ငံသားအဖြစ်သာ ဆက်ဆံနိုင်ပြီး နယူးဇီလန်၏ ပါဝင်ပတ်သက်မှုကို ခွင့်မပြုဘဲ နေနိုင်ပါသည်။

Safe Travel ဝဘ်ဆိုက်ရှိ နိုင်ငံသားနှစ်မျိုးခံယူထားသူများနှင့် အမြဲတမ်းနေထိုင်သူများ ကဏ္ဍတွင် အသေးစိတ် ထပ်မံလေ့လာနိုင်ပါသည်။

ဒုက္ခသည်များနှင့် ဒုက္ခသည်ဟောင်းများ

အကယ်၍ သင်သည် နယူးဇီလန်ပြင်ပတွင် ရောက်ရှိနေသော ဒုက္ခသည်တစ်ဦးဖြစ်ပါက နယူးဇီလန်အစိုးရအနေဖြင့် အကူအညီပေးနိုင်မှုတွင် ကြီးမားသော ကန့်သတ်ချက်များရှိပါသည်။

Safe Travel ဝဘ်ဆိုက်ရှိ ဒုက္ခသည်များနှင့် ဒုက္ခသည်ဟောင်းများ ကဏ္ဍတွင် အသေးစိတ် ထပ်မံလေ့လာနိုင်ပါသည်။

SafeTravel NZ

SafeTravel NZ သည် ပြည်ပသို့ သွားရောက်လည်ပတ်နေသော သို့မဟုတ် ပြည်ပတွင် နေထိုင်နေသော နယူးဇီလန်နိုင်ငံသားများအတွက် ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်များ၊ ကောင်စစ်ဝန်ဆောင်မှုများ၊ ဘေးကင်းလုံခြုံရေး အကြံပြုချက်များနှင့် ခရီးသွားမှတ်ပုံတင်ခြင်းစနစ်တို့ကို ပံ့ပိုးပေးသည့် နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MFAT) ၏ တရားဝင် ဝဘ်ဆိုက်ဖြစ်သည်။

ခရီးသွားများအနေဖြင့် ပြည်ပသို့ မထွက်ခွာမီ SafeTravel New Zealand တွင် မှတ်ပုံတင်ထားသင့်ပါသည်။ မှတ်ပုံတင်ထားခြင်းဖြင့် MFAT မှ နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ခြင်း၊ လိုအပ်ပါက ခရီးသွားများနှင့် ဆက်သွယ်နိုင်ခြင်းနှင့် ဖြစ်နိုင်ခြေရှိသော အကူအညီများကို ပေးအပ်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်စေပါသည်။

ယခုအချက်အလက်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ - မကြာမီ လာမည်