နယူးဇီလန် လုံခြုံရေးထောက်လှမ်းရေးဌာန (NZSIS) သည် နယူးဇီလန်၏ ပြည်တွင်းလုံခြုံရေးထောက်လှမ်းရေးဌာနဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်မှာ နယူးဇီလန်နှင့် ဤနေရာတွင် နေထိုင်သူအားလုံးအား လုံခြုံစွာနေထိုင်စေရန် ဖြစ်သည်။
NZSIS သည် နယူးဇီလန်၏ အမျိုးသားလုံခြုံရေးအား ခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးသော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုဌာနဖြစ်သည်။ အဓိပ္ပါယ်မှာ နယူးဇီလန်အား လွတ်လပ်ပြီး ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်းအဖြစ် ကာကွယ်ရန် လုပ်ဆောင်သည်။ ၎င်းသည် နယူးဇီလန်၏ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကိုလည်း ကာကွယ်ပေးသည်။
၎င်းသည် နယူးဇီလန်၏ ပြည်တွင်းလုံခြုံရေးအဖွဲ့အစည်းဖြစ်ပြီး ထောက်လှမ်းရေးအဖွဲ့အတွက် ဦးဆောင်သူဖြစ်သည်။ ဆိုလိုသည်မှာ ထိုအဖွဲ့သည် လူမျိုးစုံနှင့် စကားပြောဆိုပြီး အချက်အလက်များ ရယူပါသည်။ NZSIS မှရသော ထောက်လှမ်းရေးအချက်အလက်များကို အစိုးရနှင့် မူဝါဒချက်မှတ်သူတို့ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှန်ကန်ကောင်းမွန်စေရန် ထောက်ပံ့ပေးသည်။
NZSIS အခြားသောတာဝန်မှာ အစိုးရအဖွဲ့များနှင့် အခြားအဖွဲ့များအား သူတို့၏လူများ၊ အချက်လက်များနှင့် ပိုင်ဆိုင်မှုများအား အမျိုးသားလုံခြုံရေး အန္တရာယ်များမှ ကာကွယ်ရန်ဖြစ်သည်။
NZSIS ၏ အဓိက ဦးတည်ချက်များမှာ-
- နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု၊ ထိုထဲတွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ စေခိုင်းမှုဖြင့် လူမျိုးနွယ်စုများအပေါ် ပြစ်မှတ်ထားလှုပ်ရှားခြင်းလည်း ပါဝင်ပါသည်။
- သူလျှိုလုပ်ငန်း
- အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှု
NZSIS သည် နယူးဇီလန်ရဲတပ်ဖွဲ့နှင့် အစိုးရဆက်သွယ်ရေးလုံခြုံရေးဗျူရို (GCSB) တို့နှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သည်။ ၎င်း၏မစ်ရှင် တစ်စိတ်တစ်ပိုင်းအဖြစ် လူမှုအသိုင်းအဝိုင်းများ၊ iwi Māori၊ ဒေသန္တရအစိုးရ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများနှင့်လည်း လုပ်ဆောင်သည်။
၎င်းသည် ထောက်လှမ်းရေးနှင့် လုံခြုံရေးအက်ဥပဒေ 2017 ဟုခေါ်သည့် တရားဥပဒေအတိုင်း ပြုမူဆောင်ရွက်ပါသည်။ ထိုဥပဒေက NZSIS သည် ဥပဒေနှင့်အညီ လုပ်ဆောင်နေကြောင်း၊ နိုင်ငံရေးအရ ကြားနေဖြစ်ပြီး လူ့အခွင့်အရေးသတ်မှတ်ချက်များ လိုက်နာကြောင်း သေချာစေပါသည်။ NZSIS သည် နယူးဇီလန်အစိုးရမှ သတ်မှတ်ထားသော ထောက်လှမ်းရေး ဦးစားပေးမှုများနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်သည်။
NZSIS သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းမပြုနိုင်ပါ။ ထို့အပြင် လူများကို ၎င်းတို့၏ယုံကြည်မှု၊ နိုင်ငံသားဖြစ်မှု၊ သို့မဟုတ် တရားဝင်ဆန္ဒပြမှုတွင် ပါဝင်ခြင်းကြောင့် စုံစမ်းစစ်ဆေးခြင်းမပြုပါ။
ပြည်သူ့ဝန်ဆောင်မှုဌာနများအားလုံးကဲ့သို့ပင်၊ NZSIS သည် တရားမျှတမှုရုံး (Ombudsman)၊ ကိုယ်ရေးကိုယ်တာကော်မရှင်နာ၊ စာရင်းစစ်ချုပ်ရုံးနှင့် ပြည်သူ့ဝန်ဆောင်မှုကော်မရှင်အတွက် တာဝန်ခံပါသည်။
NZSIS သည် ထောက်လှမ်းရေးနှင့် လုံခြုံရေး၏ စစ်ဆေးရေးမှူးချုပ် (Inspector-General) ထံမှ လွတ်လပ်ခိုင်မာသော ကြီးကြပ်မှုကိုလည်း ခံယူပါသည်။ ၎င်း၏တာဝန်မှာ တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးရန်နှင့် ထောက်လှမ်းရေးအေဂျင်စီများ ဥပဒေအတိုင်း မှန်ကန်စွာဆောင်ရွက်ကြောင်း သေချာစေရန်အတွက် စုံစမ်းမှုများ ပြုလုပ်ရန်ဖြစ်သည်။ NZSIS သည် နယူးဇီလန်၏ပါလီမန်နှင့် ၀န်ကြီးများအတွက်လည်း တာဝန်ရှိပါသည်။
ပိုမိုလေ့လာရန် -Home | New Zealand Security Intelligence Service
သတင်းရယူနေရန် - Engagement | New Zealand Security Intelligence Service
တိုင်ကြားမှုပြုရန် - Reporting a national security concern