နယူးဇီလန်ရှိ လူမျိုးစုအသိုင်းအဝိုင်းများသည် ပြည်ပနှောင့်ယှက်မှုကိုသည်းခံရန် မလိုအပ်ပါ။ အောက်ပါရွေးချယ်စရာများကို အသုံးပြု၍ ပြည်ပနှောင့်ယှက်မှုကို သတင်းပို့နိုင်ပါသည်။

အရေးပေါ် လိုအပ်ပါက

လက်ရှိတွင် ဖြစ်ပျက်နေခြင်း ဖြစ်ပါက 111 သို့ဆက်ပြီး ရဲ ကိုခေါ်ပါ။

အကယ်၍ သင်သည် မိုဘိုင်းဖုန်းနှင့်ဆက်နေခြင်းဖြစ်ပြီး စကားမပြောနိုင်ပါက၊ ဆိတ်ဆိတ်နေပြီး ‘press 55’ ဆိုသည့် ညွှန်ကြားချက်ကို စောင့်နားထောင်ပါ။

အကယ်၍ သင်သည် ကြိုးဖုန်းနှင့်ဆက်နေခြင်းဖြစ်ပြီး စကားမပြောနိုင်ပါက ဆိတ်ဆိတ်နေပြီး အော်ပရေတာမှ အကူအညီအတွက် ဘယ်ခလုတ်နှိပ်ရမည်ကို ပြောပါမည်။

ပြည်ပဝင်ရောက်စွက်ဖက်မှုကို မည်သို့အစီရင်ခံရမည်နည်း

ပြည်ပနှောင့်ယှက်မှုကို သတင်းပို့ခြင်း

NZSIS သို့မဟုတ် ရဲတပ်ဖွဲ့ထံ သတင်းပို့ခြင်းဖြင့် နယူးဇီလန်ကို ပြည်ပနှောင့်ယှက်မှုမှ ကင်းဝေးစေရန် ကျွန်ုပ်တို့အားလုံး ကူညီပေးနိုင်ပါသည်။ သင်မည်သည့်နည်းဖြင့် သတင်းပို့သည်ဖြစ်စေ သင့်အချက်အလက်များသည် မှန်ကန်သောနေရာသို့ သေချာရောက်သွားမည်ဖြစ်သည်။

ပြည်ပနှောင့်ယှက်မှုကို NZSIS သို့ သတင်းပို့ခြင်း

ပြည်ပနှောင့်ယှက်မှုကို NZSIS ဝဘ်ဆိုက်ရှိ လုံခြုံစိတ်ချရသော အွန်လိုင်း ဖောင် ဖြည့်ပြီး သတင်းပို့နိုင်ပါသည်။

သင်ဆန္ဒမရှိပါက သင့်အမည်၊ ဖုန်းနံပါတ် သို့မဟုတ် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များစသည့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးဆောင်ရန်မလိုအပ်ပါ။  ဖောင်ကို သင့်ကိုယ်ပိုင်ဘာသာစကားဖြင့်လည်း ဖြည့်စွက်နိုင်ပါသည်။

NZSIS မှ တစ်ယောက်ယောက်နှင့် စကားပြောလိုပါက +64 4 472 6170 သို့  0800 747 224 ကို ဖုန်းခေါ်ပါ။

NZSIS သည် သင့်အစီရင်ခံစာကို ရရှိပါက စစ်ဆေးမည်ဖြစ်သည်။ သင့်ကိုဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို သင်ဖြည့်ထားခဲ့ပါက၊ NZSIS သည် ပိုမိုသိရှိလိုမှသာလျှင် သင့်ထံ ဆက်သွယ်မည်ဖြစ်သည်။ NZSIS မှ သင့်အား မဆက်သွယ်ပါက၊ သင့်အစီရင်ခံစာကို လျစ်လျူရှုထားသည်ဟု မဆိုလိုပါ။

ပြည်ပနှောင့်ယှက်မှုကို ရဲ သို့ သတင်းပို့ခြင်း

အရေးပေါ် မဟုတ်ပါက ရဲကို သတင်းပို့နိုင်သည့် နည်းလမ်းများမှာ-

  • 105 အွန်လိုင်း ဖောင် ကိုဖြည့်ခြင်း
  • 105 သို့ မည်သည့်မိုဘိုင်း သို့မဟုတ် ကြိုးဖုန်းမှမဆို ဖုန်းခေါ်ခြင်း၊ ထိုဝန်ဆောင်မှုသည် အခမဲ့ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း 24/7 ရရှိနိုင်ပါသည်။

105 ဖောင်တွင် ရဲတပ်ဖွဲ့သည် သင့်အစီရင်ခံစာကို ကြည့်ရှုပြီး နောက်ဆက်တွဲလုပ်ဆောင်ရန် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ကို တောင်းဆိုပါသည်။ ရဲတပ်ဖွဲ့သည် ဤအချက်အလက်ကို ခွင့်ပြုထားသည့်ရည်ရွယ်ချက်အတွက်သာ အသုံးပြုသည်။

ယခုအချက်အလက်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ - မကြာမီ လာမည်