သင့်အဖွဲ့အစည်းကို အွန်လိုင်းတွင် လုံခြုံအောင်ထားပါ Keeping your organisation safe online
လူမှုအသိုင်းအဝန်းများနှင့် အဖွဲ့အစည်းများအတွက် ဆိုက်ဘာလုံခြုံရေးသည် အဘယ်ကြောင့်အရေးကြီးသနည်း။
ဤစာမျက်နှာတွင် သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းကို ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန် သင်လုပ်ဆောင်နိုင်သော အကြံဉာဏ်များနှင့် အဆင့်အချို့ ကိုဖော်ပြပေးထားသည်။ တစ်ဦးချင်းအတွက် သီးခြားလမ်းညွှန်တစ်ခုလည်း ရှိပါသည်။
ဤအကြံပြုချက်သည် အဖြစ်အများဆုံးနှင့် ပြင်းထန်သော ခြိမ်းခြောက်မှုများအပေါ် အခြေခံထားသည်။
အပ်ဒိတ်များ Updates
လုံခြုံရေးဆိုင်ရာ အပေါက်များကို ဖာထေးရန် သင့်စက်ပစ္စည်းများတွင် ဆော့ဖ်ဝဲကို ခေတ်မီအောင် အပ်ဒိတ် update လုပ်ထားပါ။
- သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း၏စက်ပစ္စည်းများကို အပ်ဒိတ် Update လုပ်ထားပါ။ ၎င်းတွင် ဖုန်းများ၊ ကွန်ပျူတာများ၊ WiFi router များနှင့် စမတ်ကိရိယာများအပါအဝင် အင်တာနက်သို့ ချိတ်ဆက်နိုင်သည့် အခြားအရာများ ပါဝင်သည်။
- ဖြစ်နိုင်လျှင် စက်ပစ္စည်းများကို အလိုအလျောက်အပ်ဒိတ် automatic update လုပ်ခွင့်ပေးထားပါ။
နှစ်ဆင့်ခံ ဝင်ရောက်ခြင်း (Two-factor authentication (2FA)
အကောင့်ထဲဝင်ရန် password အပြင် နောက်ထပ်အဆင့်တစ်ဆင့် လိုအပ်ခြင်းဖြင့် သင့်အကောင့်များတွင် လုံခြုံရေးကို အပိုထပ်ဆောင်းပေးပါသည်။ ထိုအဆင့်မှာ သင့်ဖုန်းရှိ အက်ပ် app တစ်ခုမှ ပေးသောကုပ် code ကို ထပ်ထည့်ရခြင်းဖြစ်နိုင်သည်။
- မှတ်ချက်- ၎င်းကို multi-factor authentication (MFA)၊ နှစ်ဆင့်အတည်ပြုခြင်း (2SV) နှင့် အခြားအမည်များစွာ ဟုခေါ်သည်။
- သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း၏အကောင့်များအားလုံးတွင် 2FA ကိုဖွင့်ပါ။
- ဖြစ်နိုင်ပါက၊ လှည့်ဖျားမခံရနိုင်သော 2FA ပုံစံကို အသုံးပြုကြည့်ပါ၊ ဆိုလိုသည်မှာ ၎င်းကုဒ်များကို လှည့်စား၍ သင့်အားလွှဲပေးရန် မရပါ။ ၎င်းသည် လုံခြုံရေးကီး စက်ကရိယာ security key သို့မဟုတ် လက်ဗွေ သို့မဟုတ် မျက်နှာ ID ကဲ့သို့သော အရာတစ်ခု ဖြစ်နိုင်သည်။
သင့်အွန်လိုင်းအကောင့်များကို သေချာစိစစ်မှတ်တမ်းတင်ထားပါ
အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းမှ ထွက်ခွာပြီးနောက် အဖွဲ့ဝင်ဟောင်းများသည် ၎င်းတို့၏ အကောင့်များသို့ ဝင်ရောက်နိုင်ခွင့်မရှိအောင် သေချာပြုလုပ်ပါ။
- သင့်တွင် အကောင့်တစ်ခုတည်းကို ဝင်ရောက်အသုံးပြုသူ တစ်ဦးထက်ပိုပါက၊ ၎င်းတို့အားလုံးတွင် မတူညီသော လော့ဂ်အင် logins များ သေချာရှိစေပြီး အားလုံးတွင် 2FA ကို ဖွင့်ထားသည်။
- အသုံးပြုသူအကောင့်အားလုံး၏စာရင်းကို သိမ်းဆည်းထားပြီး ဝန်ထမ်းများထွက်ခွာသွားသည့်အခါကဲ့သို့သော မလိုအပ်သည့်အရာများကို ပိတ်လိုက်ပါ။
- သင့်အဖွဲ့ဝင်များထံ သင်ပေးခဲ့သည့် စက်ပစ္စည်းမှတ်တမ်းကို သိမ်းဆည်းထားပါ၊ ဝန်ထမ်းများထွက်ခွာသွားသည့်အခါ စက်ပစ္စည်းများကို ပြန်လည်ရယူရန်နှင့် ထိုစက်ပစ္စည်းများ ကို factory reset ပြုလုပ်ရန်သတိရပါ။ အဆောက်အဦးကို ဝင်ခွင့်အတွက်အသုံးပြုသောကုန် codes များကို ပြောင်းလဲရန် လိုအပ်သည်။
သင့်အွန်လိုင်းအကောင့်များသို့ ဝင်ရောက်ခွင့်ရှိသူကို စစ်ဆေးပါ
သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းရှိလူများသည် ၎င်းတို့လိုအပ်သောအရာများကိုသာ ဝင်ရောက်ခွင့်ရှိသင့်သည်။
- အကယ်၍ လူတစ်ဦး၏အကောင့်သည် ‘ဟက်ကာ’ ‘hacked’ ခံရပါက၊ ဤအဆင့်များသည် တိုက်ခိုက်သူလုပ်ဆောင်နိုင်သည့် အန္တရာယ်ကို ကန့်သတ်ထားသည်။
- မလိုအပ်သော ခွင့်ပြုချက်များ (permissions) ကို ပုံမှန်စစ်ဆေးပြီး ဖယ်ရှားပါ။
- သင့်တွင် “admin” အကောင့်တစ်ခုကို လူများစွာအသုံးပြုလျှင် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်မြင်တွေ့လျှင် ၎င်းကို စောင့်ကြည့်ပါ။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် ဤအကောင့်မျိုးရှိခြင်းကို ကန့်သတ်ရန်ကြိုးစားပါ။
- ဤစည်းမျဉ်းများသည် router များကဲ့သို့သော စက်ပစ္စည်းများသို့ admin အကောင်သုံး၍ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်မှုရှိရမည်။
ဝန်ဆောင်မှုပေးသူများနှင့် သင့်စာချုပ်များကို ပြန်လည်သုံးသပ်ပါ
သင့်အတွက် IT ဝန်ဆောင်မှုများကို လုပ်ဆောင်ရန် တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ ကို ငှားရမ်းထားလျှင်။
- သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း၏ ဆိုက်ဘာလုံခြုံရေးလိုအပ်ချက်အရ ၎င်းတို့တွင် ဆိုက်ဘာလုံခြုံရေးအကာအကွယ်များ ရှိနေကြောင်း သေချာပါစေ။
သင့်အကောင့်များနှင့် စနစ်များအားလုံး အတူတကွအလုပ်လုပ်ပုံကို သိပါ
ချိတ်ဆက်မှုများကို နားလည်ခြင်းက တိုက်ခိုက်သူသည် မည်သည့်နေရာမှ ဝင်ရောက်နိုင်ခဲ့သည်ကို သိရန် ကူညီပေးသည်။
- ဥပမာ၊ အီးမေးလ်၊ cloud storage နှင့် အကောင့်ပလက်ဖောင်းများကြားရှိ ချိတ်ဆက်မှုများကို ပြန်လည်သုံးသပ်ပါ။
- အွန်လိုင်းဘေးကင်းမှုပိုကောင်းမွန်ရန်အတွက် Virtual Private Network (VPN) ကို အသုံးပြုရန် စဉ်းစားပါ။ VPN ကိုအသုံးပြုခြင်းသည် သင့်အွန်လိုင်းလုပ်ဆောင်ချက်ကို ခြေရာခံရန်ကြိုးစားသူမည်သူမဆိုထံမှ ဖုံးကွယ်ကာကွယ်ထားသည်။ သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း၏အဖွဲ့ဝင်များ အဝေးမှချိတ်ဆက်အလုပ်လုပ်ပါက အထူးသဖြင့် ကောင်းမွန်ပါသည်။
သင့်လူများကို ‘ဆိုက်ဘာကို စနစ်တကျ သုံးတတ်ရန်’ စီစ်ပါ။
သင့်အသိုင်းအဝိုင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းရှိလူများသည် သင့်ရုံးရှိ systems များထက် ပစ်မှတ်ထားခံရနိုင်ခြေပိုများပါသည်။
- ဝန်ထမ်းအားလုံးကို အခြေခံဆိုက်ဘာလုံခြုံရေးအတွက် လေ့ကျင့်ပေးပါ။ Own Your Online ဝဘ်ဆိုက် Own Your Online | NCSC တွင် သင့်ကိုယ်သင် လုံခြုံအောင်ထားပြီး အွန်လိုင်းတွင် လုံခြုံမှုရှိစေရန်နှင့် လိမ်လည်လှည့်စားမှုများကို မည်သို့ထောက်လှမ်းနိုင်စေရန် ကျယ်ပြန့်သော အကြံဉာဏ်နှင့် အကြံပြုချက်များ ရှိပါသည်။
- ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအကောင့်များနှင့် သင့်အဖွဲ့အစည်းအတွက် ၎င်းတို့အသုံးပြုသည့် အကောင့်များအတွက် အရေးကြီးကြောင်း သူတို့ကို သတိပေးပါ။
- ကျွန်ုပ်တို့သည် တစ်ဦးချင်းစီအတွက် လမ်းညွှန်ချက်တစ်ခုလည်း ရှိသည်။
အဖြစ်အပျက်တစ်ခုအတွက် အစီအစဥ်
အဖြစ်အပျက်ပြဿနာတစ်ခုဖြစ်ပွားသည့်အခါ လူအများကို ထိတ်လန့်မှုမဖြစ်စေရန် တုံ့ပြန်မှုအစီအစဥ်တစ်ခုထားရှိခြင်းသည် အရေးကြီးသည်။
- အဖြစ်အပျက်တုံ့ပြန်မှု အစီအစဉ်တစ်ခုသည် အဖြစ်အပျက်တစ်ခုဖြစ်ခဲ့လျှင် မည်သူကမည်သို့အရာလုပ်ဆောင်ရမည်ကို ရှင်းရှင်းလင်းလင်းဖော်ပြသည်။ နမူနာပုံစံများကို ဤနေရာတွင် ရနိုင်ပါသည်။ Incident Management |NCSC
- ဖုန်းများ၊ ကွန်ပျူတာများ၊ သို့မဟုတ် အခြားစနစ်များ ချွတ်ယွင်းပါက လုပ်ဆောင်ရမည့် အစီအစဉ်ကို ထည့်သွင်းပါ။ ဤအစီအစဉ်ကို အမြဲတမ်းအပ်ဒိတ်လုပ်ပါ။
- လိုအပ်သော လူတိုင်း၏ အဆက်အသွယ်အသေးစိတ်အချက်အလက်များကို သိမ်းဆည်းထားပါ။ ၎င်းတို့ကို ဆက်သွယ်ရန် အဓိကနည်းလမ်း များ ပျက်သွားပါက (အီးမေးလ်ကဲ့သို့သော) ဆက်သွယ်နိုင်သောအရန်အသေးစိတ်အချက်အလက်များကို သိမ်းဆည်းထားပါ။
- အကယ်၍ system ထဲသင်ဝင်မရသောအခါ system အပြင်ဘက်တစ်နေရာရာတွင် ထိုအစီအစဉ် plan ကို သိမ်းထားပါ။