ဖြစ်ရပ်မှန်လေ့လာမှုများသည် New Zealand’s Security Threat Environment | New Zealand Security Intelligence Service မှ ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်မှန်လေ့လာမှုများတွင် “ပြည်ပနိုင်ငံ” ဆိုသည်မှာ နယူးဇီလန်မှအပအခြားမည်သည့်နိုင်ငံမဆိုဟုအဓိပ္ပါယ်ရပါသည်။အဆိုပါသတ်မှတ်ချက်ကို နယူးဇီလန်ပြင်ပရှိ နိုင်ငံများအား ညွှန်းဆိုပါသည်။

နယူးဇီလန် လုံခြုံရေး ထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့ (New Zealand Security Intelligence Service – NZSIS) ၏ သတ်မှတ်ချက်အရ ပြည်ပဝင်ရောက်စွပ်ဖက်နှောင့်ယှက်မှု ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုမှ လှည့်ဖြားမှု၊ ငွေကြေးဖြင့်ဆွဲဆောင်မှမှု သို့မဟုတ် အကျပ်ကိုင်သော နည်းလမ်းများဖြင့် နယူးဇီလန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို လွှမ်းမိုးရန်၊ နှောင့်ယှက်ရန် သို့မဟုတ် ဖျက်ဆီးရန် ကြိုးပမ်းမှုဟု အဓိပ္ပါယ်ရပါသည်။ ထိုသို့ပြုရာတွင် ကြားခံ နိုင်ငံဒေသ ပရောက်စီ (Proxy) တစ်ခုခုကို မကြာခဏ သုံးလေ့ရှိပါသည်။ ပုံမှန်သံတမန်ရေးလှုပ်ရှားမှု၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် သြဇာအာဏာရရှိရန် အခြားစစ်မှန်သော၊ ပွင့်လင်းမြင်သာသော ကြိုးပမ်းအားထုတ်မှုများကို အနှောင့်အယှက်များဟု မယူဆပါ။

ဖြစ်ရပ်မှန်လေ့လာမှု 1

2023 ခုနှစ်တွင် ပြည်ပနိုင်ငံတစ်ခုသည် နယူးဇီလန်နိုင်ငံမှ အဆက်အသွယ်တစ်ခုအား အသုံးပြုပြီး ဘာသာရေးအဖွဲ့တစ်ခု၏ပါဝင်မှုကို ကန့်သတ်ရန် သဘောတူပါက လူမှုအသိုင်းအဝန်းပွဲတစ်ခုအတွက် ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်းခြင်းဖြင့် ဒေသတွင်းကောင်စီကို ဖိအားပေးရန် ကမ်းလှမ်းခဲ့သည်။ ထိုပြည်ပနိုင်ငံသည် ထိုအဖွဲ့အား ၎င်းတို့၏နိုင်ငံအတွင်း ပိတ်ပင်ထားပြီး တစ်ခြားနိုင်ငံ၌ ထိုအဖွဲ့ကို ဆက်လက် ‘ဆန့်ကျင်ခြင်းဆန္ဒပြ’ လှုပ်ရှားမှုများကို လုပ်ဆောင်သည်။

ဖြစ်ရပ်မှန်လေ့လာမှု 2

NZSIS သည် ရွှေ့ပြောင်းနေထိုင်သူ လူမှုအသိုင်းအဝန်း နှင့် သိကျွမ်းသော နယူးဇီလန်ရောက် ကျောင်းသား အဖွဲ့များစွာနှင့် ဆက်ဆံရေးရှိသော ထိုပြည်ပနိုင်ငံကို ကိုယ်စားပြုသော သံတမန်အများအပြားကို သတိပြုမိပါသည်။ ထိုသံတမန်များသည် ခေါင်းဆောင်ရာထူး ရွေးချယ်ခံရသူများကို ၎င်းတို့၏နိုင်ငံခြားတိုင်းပြည်အပေါ် နိုင်ငံရေးအရ သေချာသစ္စာစောင့်သိစေရန် ထိုခေါင်းဆောင်နှင့်ဆက်စပ်နေသောအဖွဲ့ဝင်များကို သြဇာလွှမ်းမိုးရန် ကြိုးပမ်း အသုံးပြုခဲ့သည်။ ပညာရေးဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်များ မရှိလာရန် ကျောင်းသားအဖွဲ့များနှင့် ၎င်းတို့၏ ဆက်ဆံရေးကို မမြင်သာအောင် ရွေးချယ်ဆောင်ရွက်ခဲ့သည်။ ဤနည်းဖြင့် ကျင့်ကြံခြင်းသည် ပြည်ပနှောင့်ယှက်မှု၏ ဥပမာတစ်ခုဖြစ်သည်။ ၎င်းတို့သည် အဆိုပါအဖွဲ့များနှင့် အဖွဲ့ဝင်များက ၎င်းတို့နိုင်ငံအမြင်အပေါ် ထိန်းချုပ်ရန်နှင့် အတိုက်အခံများကို ခွဲခြားသိရှိရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းနေကြသည်။

ဖြစ်ရပ်မှန်လေ့လာမှု 3

ပြည်ပနိုင်ငံ အနည်းငယ်သည် နယူးဇီလန်ရှိ သီးခြားလူမှုအသိုင်းအဝန်းများဆိုင်ရာ အချက်အလက်များကို စုဆောင်းသည်။ မကြာခဏဆိုသလို ဤပြည်ပနိုင်ငံများသည် ၎င်းတို့နိုင်ငံကို အတိုက်အခံဆန့်ကျင်သူဟု ယူဆရသော နယူးဇီလန်ရှိသူများကို စောင့်ကြည့်ရန်နှင့် ၎င်းတို့နှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို စုဆောင်းရန် အသိုင်းအဝိုင်းအဖွဲ့ဝင်များကို အသုံးပြုလေ့ရှိသည်။ ထိုအချက်အလက်ကို ဗီဇာဖျက်သိမ်းခြင်း သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တွင်နေထိုင်ဆဲ မိသားစုဝင်များကို ပစ်မှတ်ထားခြင်းကဲ့သို့သော လက်တုံ့ပြန်အရေးယူမှုများ ပြုလုပ်ရန် အသုံးပြုနိုင်သည်။ 2023 ခုနှစ်တွင် ပြည်ပနိုင်ငံတစ်ခုသည် ၎င်းတို့မကြိုက်သော အသိုက်အဝန်းအဖွဲ့တစ်ခုနှင့် စက်နွှယ်မှုကြောင့် ထိုတိုင်းပြည်တွင်နေထိုင်ဆဲမိသားစုထံလည်ပတ်ရန် ကြိုးစားနေသည့် နယူးဇီလန်နိုင်ငံသားတစ်ဦး၏ ဗီဇာလျှောက်ထားမှုကို ငြင်းပယ်ခဲ့သည်။

ယခုအချက်အလက်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ - မကြာမီ လာမည်